ယခုတစ်ခါမှာတော့ Community Organizing ပုံစံတွေနဲ့ Analysis လုပ်ဖို့လိုအပ်တွေအချက်လေးတွေကို လေ့လာကြရအောင်။
ရှေ့မှာ Community Organizing ဆိုတာ ဘာလဲသိပြီးပြီဆိုတော့ ယခုတစ်ခါ Community Organizing ပုံစံတွေကိုလေ့လာကြပါမယ်။
Community Organizing ပုံစံဘယ်နှစ်မျိုးရှိသလဲ။
ယေဘုယအားဖြင့် –
- Direct Service
- Education
- People Direct Action
- Self Help
- Advocacy ဆိုပြီးတော့ (၅) မျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်။
- Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း)
Direct Service (တိုက်ရိုက်ထောက်ပံ့ခြင်း) ဆိုတာ Organizing ကနေပြီး ကျွန်တော်တို့ရဲ့ community မှာ လိုအပ်နေတဲ့အရာတွေကို ဝယ်ယူပြီးသို့မဟုတ် ငှားရမ်းပြီးထောက်ပံ့တဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဥပမာ – အရပ်ဘက်မှာ အတွေ့များတတ်တဲ့ ကလေးဂေဟာကို လှူဒါန်းတဲ့ အဖွဲ့အစည်းတွေလိုမျိုး၊ စစ်ဘေးရှောင်တွေလိုအပ်တဲ့ စားနပ်ရိက္ခာတွေကို တိုက်ရိုက်ထောက်ပံ့တဲ့ပုံစံမျိုးပါ။
- Education (ပညာပေးခြင်း)
Education (ပညာပေးခြင်း) ဆိုတာ Organizing ကနေပြီး လိုအပ်နေတဲ့ အရာကိုပေးအပ်တာမဟုတ်ဘဲ အဲဒီအရာကိုရရှိအောင် ဘယ်လိုမျိုးလုပ်ယူရမယ်ဆိုတာကို ပညာပေးသင်ကြားပေးတဲ့ပုံစံပါ။
ဥပမာ – ဆန်စပါးလိုအပ်နေတဲ့ နေရာကို ဆန်စပါးလှူဒါန်းတာမျိုးမဟုတ်ဘဲ ဆန်စိုက်ပျိုးရေးနည်းပညာပေးတဲ့ဟာမျိုးပါ။
- People Direct Action(လူထုကိုယ်တိုင်ပါဝင်ခြင်း)
People Direct Action (လူထုကိုယ်တိုင်ပါဝင်ခြင်း) ဆိုတာ တစ်ဦးတစ်ယောက်(သို့) တစ်ဖွဲ့ကဦးဆောင်ပြီး မိမိရဲ့ Community မှာဖြစ်နေတဲ့ အရာတွေကို community မှာရှိတဲ့ လူထုရှေ့ကနေ ဦးစီးဦးဆောင် လုပ်ပြီး လူထုကိုစည်းရုံးတဲ့ ပုံစံမျိုးပါ။
ဥပမာ – လူတစ်ယောက်က ရွာနှစ်ရွာကူးလူးဖို့ခက်နေတဲ့ လမ်းမှာပိတ်မိနေတဲ့ ကျောက်တုံးတွေ ဖယ်ရှင်းဖို့ကြိုးစားရာကနေ ဘေးလူတွေကနေ ပူးပေါင်းပါဝင်လုပ်ပေးလာတာမျိုးပါ။
- Self Help(ကိုယ်ထူကိုယ်ထအကျိုးတူ)
Self Help(ကိုယ်ထူကိုယ်ထအကျိုးတူ) ဆိုတာ ယခုလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ အတိုင်းပါဘဲ၊ ကျွန်တော်တို့တပ်အပ်တဲ့ ပညာလေးနဲ့ community ကိုအကျိုးပြုတဲ့ပုံစံမျိုးပါ။
ဥပမာ – စာဖတ်ရင်းလှူ၊ ရုပ်ရှင်ကြည့်ရင်းလှူဆိုတဲ့ပုံစံမျိုးပါ။
- Advocacy(လူထုကိုယ်တိုင်ပါဝင်ခြင်း)
Advocacy(လူထုကိုယ်တိုင်ပါဝင်ခြင်း)ဆိုတာ ကိုယ့် community မှာရှိတဲ့ လူတွေကို community development ဖြစ်စေရန်၊ လုပ်ငန်းများတွင် ပါဝင်လာစေရန် လူတစ်စုသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကသော်လည်းကောင်း စည်းရုံးလှုံ့ဆော်တဲ့ပုံစံပါ။
ဥပမာ – ရွာထိပ်က အမှိုက်ပုံသည် ဝမ်းရောဂါဖြစ်စေရန်အတွက် အန္တရယ်ရှိပါသဖြင့် အကုန်လုံးဝိုင်းဝန်းရှင်းလင်းနိုင်ရန် တိုက်တွန်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဒါဆိုရင်တော့ analysis (သုံးသပ်ကြည့်ရှုခြင်း) ကောင်းမွန်အောင်ဘယ်လိုလုပ်ကြမလဲလေ့လာကြရအောင်။
Analysis (သုံးသပ်ကြည့်ရှုခြင်း) ကောင်းမွန်အောင် ယေဘုယအားဖြင့် အချက် (၄) ချက် ရှိပါတယ်။
- Data
- Information
- Experience
- Understand the effect
Data (အချက်အလက်)
ဘယ်အရာဘဲလုပ်လုပ် Data အချက်အလက်ဆိုတာ အရေးကြီးပါတယ်။ အချက်အလက်မရှိတာဟာ မျက်လုံးကန်းနေတဲ့အတိုင်းပါပဲ။ ဒါကြောင့် analysis ကောင်းဖို့ဆိုရင် data တွေကို ဂရုပြုရပါမယ်။
Information (သတင်းမှတ်တမ်း)
Analysis အားကောင်းဖို့ information (သတင်းမှတ်တမ်း) တွေကိုလည်း လေ့လာရပါမယ်။ သတင်း အကြောင်းအရာတွေကို သိမှသာလျင် ဘာတွေတွေ့ကြုံရမယ်ဆိုတာကို နားလည်ပြီး ကြိုတင်စဉ်းစားလို့ရ မှာပါ။
Experience (အတွေ့အကြုံ)
ဘယ်နေရာမှာဆို experience ဆိုတာ ရှိနေဖို့လိုပါတယ်။ အတွေ့အကြုံမရှိရင် ငပိဖုတ်တောင် နည်းမကျတတ်ပါဘူး။ ဒါကြောင့် analysis လုပ်ဖို့ဆိုရင် အတွေ့အကြုံမရှိရင်တောင် ၎င်းနယ်ပယ်မှာ အတွေ့အကြုံရှိတဲ့သူဆီက အကြံအဉာဏ်ယူသင့်ပါတယ်။
Understand the effect (သက်ရောက်မှုအပေါ်နားလည်ခြင်း)
ဘယ်အရာမဆို သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိပါတယ်။ ဒါကြောင့် မိမိတို့ လုပ်လိုက်တဲ့ အလုပ်သည် ဘယ်လိုမျိုးသက်ရောက်မှုနဲ့ အကျိုးကျေးဇူးတွေ ရှိမလဲဆိုတာကို နားလည် လေ့လာသုံးသပ်ရပါမယ်။ ဒါကြောင့် analysis ကောင်းမွန်ဖို့ Understand the effect (သက်ရောက်မှုအပေါ်နားလည်ခြင်း) ကိုလည်း သိရှိဖို့လိုပါတယ်။\
နောက်သင်ခန်းစာတွေမှာ ပြန်တွေ့ကြပါမယ်။