21 ရာစု နည်းပညာ ခေတ်ကြီးမှာ လူသားတွေဟာ အင်တာနက်ပေါ်ကို အမှီသဟဲ ပြုလာကြရပါတယ်။ စီးပွါးရေးအတွက်ပဲဖြစ်ဖြစ်၊ ပညာရေးအတွက်ပဲဖြစ်ဖြစ် အင်တာနက်ပေါ်ကနေ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲပေါင်းများစွာနဲ့ ရှေ့ဆက်နေကြရပါတယ်။ ဒီအထဲမှာဆိုရင် အီးမေးလ် အကောင့်တွေနဲ့ လူသုံးများတဲ့ ဖေ့စ်ဘုတ် လိုမျိုး ဆိုရှယ်မီဒီယာအကောင့်တွေဟာလဲ အပါအဝင်ဖြစ်ပါတယ်။
လူသားတွေဟာ ကိစ္စတော်တော်များများကို အင်တာနက်ပေါ်မှာ အခြေခံလာတာနဲ့အမျှ အင်တာနက်ကနေတဆင့် သတင်းအချက်အလက်ခိုးယူမှုတွေ ၊ ဟက်ခ် ခံရမှုတွေ ဖြစ်တဲ့ Cyber Attack များဟာ တိုးပွါးလျက်ရှိလာပါတယ်။ ဒါကြောင့် မိမိအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေ ၊ အကောင့်တွေရဲ့ ပင်မလုံခြုံရေးဖြစ်တဲ့ Password ကို အထူးဂရုပြုထားကြဖို့လဲ လိုအပ်ပါတယ်။
ဖေ့စ်ဘုတ်အကောင့်၊ အီးမေးလ် အကောင့်နဲ့ ဘဏ်အကောင့်တွေရဲ့ Password (လျှို့ဝှက်နံပါတ်) ဟာ လုံးဝလုံးဝ တူညီနေလို့မရပါဘူး။
လူအများစုဟာ မေ့မှာစိုးတဲ့အတွက်ကြောင့် မိမိရဲ့ မွေးနေ့၊ ဖုန်းနံပါတ် နောက်ဆုံးအလုံး၊ မှတ်ပုံတင်အမှတ် တွေနဲ့ မိမိတို့အတွက်အမှတ်တရ နေ့စွဲတွေကို Password အဖြစ် ထားလေ့ရှိကြပါတယ်။
ဒါဟာ လုံးဝမလုပ်သင့်တဲ့အမှားတစ်ခု ဖြစ်ပါတယ်။ Cyber Attack ဟာ ပုံစံမျိုးစုံးနဲ့ မိမိထံရောက်လာနိုင်တာကြောင့် ခိုးယူရန်လွယ်ကူတဲ့ Password တွေဟာ မိမိအတွက် အန္တရာယ် ပဲ ဖြစ်ပါတယ်နော်။
(၁) Password လုံခြုံအောင် ထိန်းသိမ်းနည်း
ဒါကြောင့် ဒီလိုအလွယ်တကူ ခိုးယူခံရတာမျိုး မဖြစ်အောင်
အကောင့်တစ်ခုချင်းစီအတွက် မတူညီတဲ့ လျှို့ဝှက်နံပါတ်တွေကို အသုံးပြုရပါမယ်။
မေ့ပျောက်သွားနိုင်အတွက်လဲ Password Manager လို့ခေါ်တဲ့ မိမိလျှို့ဝှက်နံပါတ်တွေကို စီမံခန့်ခွဲပေးတဲ့ အက်ပလီကေးရှင်းတွေကို အသုံးပြုသင့်ပါတယ်။
မဖြစ်မနေ အခြေအနေတစ်ခုအတွက်သာ မှတ်စုစာအုပ်ပေါ်မှာ လျှို့ဝှက်နံပါတ်တွေ သိမ်းဆည်းထားတာမျိုး ပြုလုပ်သင့်ပါတယ်။
************************************************************************************
(၂) Bitwarden (Password Manager) အသုံးပြုနည်း
အခုလိုစမ်းသပ်ပြီးသွားတဲ့အခါမှာ မိမိရဲ့ အကောင့်တွေအတွက်အသုံးပြုရန် သင့်တော်တဲ့ Password Manager တစ်ခုကို ရွေးချယ်ရပါမယ်။
အသုံးများပြီး ယုံကြည်စိတ်ချရတဲ့ Password Manager တွေထဲက တစ်ခုကတော့ Bitwarden ဖြစ်ပါတယ်။
Bitwarden ကိုတော့ Android OS, iOS တို့အပြင် Window OS တွေမှာပါ အသုံးပြုနိုင်ပါတယ်။ မိုဘိုင်းဖုန်းတွေမှာတော့ Application အနေနဲ့ Download အသုံးပြုခြင်းက ပိုမိုကောင်းမွန်ပါတယ်။
Bitwarden Application ကို အသုံးပြုပုံအဆင့်ဆင့်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။




Application Download ရယူရန်
Android https://play.google.com/store/apps/details?id=com.x8bit.bitwarden&hl=en_SG&gl=US
iOS https://apps.apple.com/us/app/bitwarden-password-manager/id1137397744